International News

စင်္ကာပူနိုင်ငံတွင် SME လုပ်ငန်းများ ကုန်သွယ်မှုဆိုင်ရာစဉ်ဆက်မပြတ် စွမ်းဆောင်နိုင်မှုဆိုင်ရာဆုများ လျှောက်ထားနိုင်

Last Updated:

စင်ကာပူနိုင်ငံရှိ SME လုပ်ငန်းများအနေဖြင့် စီးပွားရေး၊လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာအရေးကြီးသော 

ကိစ္စရပ်များတွင် ဟန်ချက်ညီစွာ အလေ့အကျင့်ကောင်းများဖြင့် ဆက်လက်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ကုန်သွယ်မှု ဆိုင်ရာစဉ်ဆက်မပြတ် စွမ်းဆောင်နိုင်မှုဆုများ (Sustainable Trade Awards) ကို ပေးအပ်သွားမည်ဖြစ်ပါသည်။

Sustainable Trade Awards သည် စင်္ကာပူနိုင်ငံရှိ SMEsများအတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလမ်းကြောင်းသို့စဉ်ဆက်မပြတ်လိုက်ပါနိုင်ရေးအတွက် ၎င်းတို့၏ဆောင်ရွက်မှုများကို ကမ္ဘာကအသိအမှတ်ပြုသိရှိလာစေရန် နှစ်စဉ်ဆောင်ရွက်ပေးမည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။

          Hinrich ဖောင်ဒေးရှင်းက ကမ္ဘာပေါ်တွင် အကြီးဆုံးစဉ်ဆက်မပြတ်စွမ်းဆောင်နိုင်မှုဆိုင်ရာ အကြံပေးအဖွဲ့ ဖြစ်သည့် ERM (Environmental Resources Management)နှင့် ပူးပေါင်း၍ စင်္ကာပူနိုင်ငံတွင် နှစ်စဉ်ဆုချီးမြှင့်သည့်အစီအစဉ်ဖြစ်ပြီး နောင်လာမည့်နှစ်များတွင် အရှေ့တောင်အာရှနိုင်ငံများသို့ တိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

Sustainable Trade Awards များကို ပေးအပ်ရခြင်းမှာ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရေးကြီးသောကိစ္စရပ်များအပါအဝင် ကုန်သွယ်မှုဆိုင်ရာ စဉ်ဆက်မပြတ် စွမ်းဆောင်နိုင်မှုကိုထင်ရှားစွာဆောင်ရွက်နိုင်သည့် 

စင်္ကာပူနိုင်ငံရှိ SMEs များကို အသိအမှတ်ပြုရန်၊ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် ကုန်သွယ်မှုဆိုင်ရာအလေ့အကျင့်များကိုစဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲတိုးချဲ့ဆောင်ရွက်ရာတွင် ဦးဆောင်မှုပေးနိုင်သည့် ကုမ္ပဏီများ ပိုမိုပေါ်ပေါက်လာစေရန်၊ ကုမ္ပဏီများအနေဖြင့်ကာလကြာရှည်စွာရပ်တည်နိုင်စေရန်အတွက် စီးပွားရေးဆိုင်ရာအလေ့အကျင့်ကောင်းများကို ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်ပါသည်။

အဆိုပါဆုများကို အောက်ပါနယ်ပယ်များတွင် ဆောင်ရွက်နေသည့် စင်္ကာပူနိုင်ငံရှိ SMEs များကို ချီးမြှင့်သွားမည် ဖြစ်ပါသည်-

(၁)     စားသောက်ကုန်များ ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းများ။

(၂)      လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်တင်ပို့သည့် လုပ်ငန်းများ။

(၃)     ပို့ကုန်တင်ပို့ရန် ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများအတွက် ကုန်ကြမ်းများ ထောက်ပံ့သည့် လုပ်ငန်းများ။

(၄) နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ဆောင်ရွက်သည့်ဝန်ဆောင်မှုလုပ်ငန်းများ။ (transport, trade finance, advisory services)

(၅)     နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် အသစ်ပေါ်ပေါက်လာသည့် နည်းပညာဆိုင်ရာလုပ်ငန်းများ။

ဆုရရှိသည့် SMEs လုပ်ငန်းများအား စင်္ကာပူနိုင်ငံသုံးငွေ SGD 20,000 ချီးမြှင့်သွားမည်ဖြစ်ပြီး လျှောက်လွှာများကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ လျှောက်ထားနိုင်ပြီး၊ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ဆုပေးပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

NES Unit

Source: hinrichfoundation.com                                                                                     

Category: International News